Wednesday, August 19, 2009

၃၁ ဘုံ - သံသရာ

အထက်ဘုံ – ဗြဟ္မာ ၂၀။
အလယ်ဘုံ – နတ်ပြည် ၆ ထပ်၊ လူ့ဘုံ တစ်ဘုံ။
အောက်ဘုံ – အပါယ်လေးဘုံ။
ကုသိုလ်ကြောင့် လူဘ၀ရောက်လာရင် သံသရာအဆက်ဆက်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေပါ ပေါင်းပြီးအကျိုးပေးသလို (ရေများရေနိုင်) အကုသိုလ်ကြောင့် အပါယ်ဘုံရောက်ရင်လည်း သံသရာအဆက်ဆက်ကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေပါ ပေါင်းပြီးအကျိုးပေးပါတယ်။ (မီးများမီးနိုင်)

အထက်ဘုံ (ဗြဟ္မာ)
ပထမဈာန် ၃ ဘုံ သက်တမ်း
ဗြဟ္မပါရိသဇ္ဇာ ၀ိဝဋ္ဋဌာယီ အသချေီယကပ် ၁/၃
ဗြဟ္မပုရောဟိတာ ၂/၃
မဟာဗြဟ္မာ ၁

ဒုတိယဈာန် ၃ဘုံ
ပရိတ္တာဘာ ၂ ကမ္ဘာ
အပ္ပမာဏာဘာ ၄ ကမ္ဘာ
အီဘဿရာ ၈ ကမ္ဘာ

တတိယဈာန် ၃ ဘုံ
ပရိတ္တသုဘာ ၁၆ ကမ္ဘာ
အပ္ပမာဏသုဘာ ၃၂ ကမ္ဘာ
သုဘကိဏှာ ၆၄ ကမ္ဘာ

စတုတ္ထဈာန် ၃ ဘုံ
ဝေဟပ္ပိုလ် ၅၀၀ ကမ္ဘာ
အသညသတ် ၁၀၀၀ ကမ္ဘာ
အ၀ိဟာ ၁၀၀၀ ကမ္ဘာ
အာတပ္ပါ ၂၀၀၀ ကမ္ဘာ
သုဒဿာ ၄၀၀၀ ကမ္ဘာ
သုဒဿီ ၈၀၀၀ ကမ္ဘာ
အကနိဋ္ဌ ၁၆၀၀၀ ကမ္ဘာ

အရူပဗြဟ္မာ ၄ ဘုံ
အာကာသာ နဉ္စာယတန ၂၀၀၀၀ ကမ္ဘာ
ဝိညာဏဉ္စယတန ၄၀၀၀၀ ကမ္ဘာ
အာကိဉ္စညာယတန ၆၀၀၀၀ ကမ္ဘာ
နေ၀သညာနာသ ညာယတန ၈၄၀၀၀ ကမ္ဘာ

အလယ်ဘုံ
နတ်ပြည် ၆ ထပ်
စတုမဟာရာဇ် အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၁ ရက်=လူနှစ် ၅၀ ညီမျှ၏။)
တာဝတိံသာ နှစ်ပေါင်းသုံးကုဋေနဲ့ ခြောက်သန်း။ (၁ရက်= လူနှစ် ၁၀၀ ညီမျှ၏)
ယာမာ နှစ်ပေါင်း တစ်ဆယ့်လေးကုဋေနဲ့ လေးသန်း။
(၁ ရက်= လူနှစ် ၂၀၀ ညီမျှ၏။)
တုသိတာ နှစ်ပေါင်း ငါးဆယ်ခုနှစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်=လူနှစ်၄၀၀ နှစ် ညီမျှ၏။)
နိမ္မာနရတိ နှစ်ပေါင်း နှစ်ရာ့သုံးဆယ်ကုဋေနဲ့လေးသန်း။
(၁ ရက်= လူ နှစ် ၈၀၀ နှစ်)
ပရနိမ္မိတ၀သ၀တ္တိ နှစ်ပေါင်း ကိုးရာနှစ်ဆယ့်တစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်= လူ နှစ် ၁၆၀၀ ညီမျှ၏။)

လူ့ဘုံ ဒါန၊ သီလ၊ ပညာတည်းဟူသော ကုသိုလ်တရားပြုလုပ်နိုင်သော
တစ်ခုတည်းသောဘုံ။

အပါယ်လေးဘုံ
ငရဲ – ၈ ထပ် ရှိပါတယ်။ တစ်ထပ်ချင်းစီမှာ အရံငရဲငယ် (၅)ထပ် ခြံရံပါသေးတယ်။ ဘင်၊ ပြာ၊ လက်၊ သန်၊ ကြိမ် ပတ်ရံတွေပါပဲ။
ဘင် ဆိုတာ ဘင်ပုပ်ငရဲ။
အညစ်အကြေးတွေ ပိုးလောက်တွေ အပြည့်ရှိနေပါတယ်။ ညစ်ညမ်းတဲ့အနံ့တွေလည်း ရှုရတယ်။ အဲ့ဒီထဲကျသွားရင် အဲ့ဒီမှာရှိတဲ့ ပိုးလောက်တွေက အသားတွေ ကလီစာတွေ ထိုးဖောက်စားကြပြီး သေလည်း မသေရပါဘူး။ အကုသိုလ်ကံတွေကြောင့် ခံနေရတာပါ။

ပြာ ဆိုတာ ပြာပူငရဲ။
အဲ့ဒီပြာထဲထည့်လိုက်ရင် ခန္ဓာကိုယ်က ကြေသွားတာပါတယ်။

လက် ဆိုတာ လက်ပံတော်ငရဲ။
လက်ပံတောမှာ အပင်ကြီးတွေရှိပါတယ်။ အပင်အောက်ထိုင်တာနဲ့ အပေါ်ကလက်ပံပွင့်ရဲ့အပွင့်တွေ၊ အရွက်တွေ၊ အသီးတွေဟာ ဓားတွေ၊ လှံတွေ၊ ပေါက်စိန်တွေ လက်နက်ချည်းတွေဖြစ်ပြီး လက်တွေ၊ ခြေတွေ၊ ခေါင်းတွေ ပြတ်ခံရတာပါတယ်။

သန် ဆိုတာ သန်လျက်ရွက်တော ငရဲ။
သန်လျက်ရွက်တောက အရွက်တွေစိမ်းလို့နေပါတယ်။ ဒီတောထဲတိုးသွားတဲ့ငရဲသားတွေရဲ့ လက်တွေ၊ ခြေတွေကို ဖြတ်ပစ်တာပါပဲ။

ကြိမ် ဆိုတာ ကြိမ်ပိုက်ချောင်း ငရဲ။
အဲ့ဒီချောင်းထဲမှာ ကြိမ်တွေရှိပါတယ်။ ရေဆာတယ်ဆိုရင် အဲ့ဒီကြိမ်ပိုက်ချောင်းထဲ ပစ်ချလိုက်တာပါပဲ။ အဲ့ဒီကြိမ်တွေကလည်း လက်ထိလက်ပြတ်၊ ခေါင်းထိခေါင်းပြတ်ပါပဲ။ ပြတ်လည်း မသေရ။ အသစ်ပြန်ဖြစ် အသစ်ပြန်ခံရတာပါပဲ။ (အကုသိုလ်အကျိုးပေးများတော်တော်ကြောက်ဖို့ကောင်းစွ။)

၁) သဉ္ဇိုင်း ငရဲ အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၈ဆနဲ့ တစ်ထပ်ချင်းစီမြောက်သွားပါ။)
၂) ကာလသုတ် ငရဲ
၃) သံဃာတ ငရဲ
၎) ရောယုဝ ငရဲ
၅) မဟာရောယုဝ ငရဲ
၆) တာပန ငရဲ
၇) မဟာတာပန ငရဲ
၈) အ၀ီစိ ငရဲ
တစ်ထပ်နှင့် တစ်ထပ်သည် ယူဇနာတစ်သောင်းငါးထောင်စီဝေးပြီး အစဉ်လိုက်ရှိသည်။ တစ်ယူဇာသည် ဆယ်မိုင်ခန့် တချို့ကတော့ ဆယ်သုံးမိုင်ရှိတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန် စားခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ်ခံစားခြင်း။
အသူရကာယ် ရောင့်ရဲခြင်းကင်းသည်။ နေ့စံ ညခံ၊ ညစံ နေ့ခံ စသည့် ပြိတ္တာများ။
ပြိတ္တာ သရဲ၊ မင်၊ ကျပ် စသည်။