Tuesday, June 28, 2011

သစ္စာ(၄)ပါးတရား။

၁) သမုဒယသစ္စာ
၂) ဒုက္ခသစ္စာ
၃) မဂ္ဂသစ္စာ
၎) နိရောဓသစ္စာ
သမုဒယ အကြောင်းကြောင့် ဒုက္ခ အကျိုး ဖြစ်သည်။
မဂ္ဂ အကြောင်းကြောင့် နိရောဓ အကျိုး ဖြစ်သည်။
မြတ်စွာဘုရား၏ တရားဓမ္မသည် "ဧဟိပဿိကဓမ္မ" ဖြစ်သည်နှင့် အညီ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ လွတ်ငြိမ်းမှု ကိုသာ တစ်ကြောင်းတည်း ဦးတည်ပါသည်။
မြတ်စွာဘုရားရှင်က "ချစ်သားတို့ ၊အရိယာတို့ သိအပ်သော အမှန်တရားလေးပါးကို ထိုးထိုးထွင်းထွင်း၊ဖြောင့်ဖြောင့်မှန်မှန် မသိခြင်းကြောင့် ငါဘုရားသည်လည်းကောင်း၊ သင်ချစ်သားတို့ သည်လည်းကောင်း ဤရှည်လျားလှစွာသော သံသရာဝယ် တဝဲလည်လည် ကျင်လည်ကျက် စားခဲ့ရပြီ" ဟုမိန့် မှာ ခဲ့ပါသည်။ မြတ်စွာဘုရား၏ ဤလမ်းညွှန်ချက်သည် သံသရာထွက်လမ်း ဥပဒေသပင် ဖြစ်ပါသည်။
အဝိဇ္ဇာ၏ ဖုံးကွယ်မှူကြောင့် မိမိတို့ အလွယ်တကူ မသိရှိနိုင်သော အမှန်တရား(၄)ပါး သို့ မဟုတ် သစ္စာ(၄)ပါးတရားဟူသည်မှာ
(၁)သိရမည်ဖြစ်သော ဒုက္ခသစ္စာ
(၂)ပယ်ရမည်ဖြစ်သော သမုဒယသစ္စာ
(၃)ဆိုက်ရောက်ရမည်ဖြစ်သော နိရောဓသစ္စာ
(၄)ပွားများရမည်ဖြစ်သော မဂ္ဂသစ္စာ
တို့ အတွက် လုပ်ငန်းစဉ်အဖြစ် သတိပဋ္ဌာန်(၄)ပါးဖြစ်သော
(၁)ကာယာနုပဿနာ
(၂)ဝေဒနာနုပဿနာ
(၃)စိတ္တာနုပဿနာ
(၄)ဓမ္မာနုပဿနာ
တို့ ကိုခွဲခြား ဟောကြားခဲ့ပါသည်။