Tuesday, June 28, 2011

သစ္စာ(၄)ပါးတရား။

၁) သမုဒယသစ္စာ
၂) ဒုက္ခသစ္စာ
၃) မဂ္ဂသစ္စာ
၎) နိရောဓသစ္စာ
သမုဒယ အကြောင်းကြောင့် ဒုက္ခ အကျိုး ဖြစ်သည်။
မဂ္ဂ အကြောင်းကြောင့် နိရောဓ အကျိုး ဖြစ်သည်။
မြတ်စွာဘုရား၏ တရားဓမ္မသည် "ဧဟိပဿိကဓမ္မ" ဖြစ်သည်နှင့် အညီ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ လွတ်ငြိမ်းမှု ကိုသာ တစ်ကြောင်းတည်း ဦးတည်ပါသည်။
မြတ်စွာဘုရားရှင်က "ချစ်သားတို့ ၊အရိယာတို့ သိအပ်သော အမှန်တရားလေးပါးကို ထိုးထိုးထွင်းထွင်း၊ဖြောင့်ဖြောင့်မှန်မှန် မသိခြင်းကြောင့် ငါဘုရားသည်လည်းကောင်း၊ သင်ချစ်သားတို့ သည်လည်းကောင်း ဤရှည်လျားလှစွာသော သံသရာဝယ် တဝဲလည်လည် ကျင်လည်ကျက် စားခဲ့ရပြီ" ဟုမိန့် မှာ ခဲ့ပါသည်။ မြတ်စွာဘုရား၏ ဤလမ်းညွှန်ချက်သည် သံသရာထွက်လမ်း ဥပဒေသပင် ဖြစ်ပါသည်။
အဝိဇ္ဇာ၏ ဖုံးကွယ်မှူကြောင့် မိမိတို့ အလွယ်တကူ မသိရှိနိုင်သော အမှန်တရား(၄)ပါး သို့ မဟုတ် သစ္စာ(၄)ပါးတရားဟူသည်မှာ
(၁)သိရမည်ဖြစ်သော ဒုက္ခသစ္စာ
(၂)ပယ်ရမည်ဖြစ်သော သမုဒယသစ္စာ
(၃)ဆိုက်ရောက်ရမည်ဖြစ်သော နိရောဓသစ္စာ
(၄)ပွားများရမည်ဖြစ်သော မဂ္ဂသစ္စာ
တို့ အတွက် လုပ်ငန်းစဉ်အဖြစ် သတိပဋ္ဌာန်(၄)ပါးဖြစ်သော
(၁)ကာယာနုပဿနာ
(၂)ဝေဒနာနုပဿနာ
(၃)စိတ္တာနုပဿနာ
(၄)ဓမ္မာနုပဿနာ
တို့ ကိုခွဲခြား ဟောကြားခဲ့ပါသည်။

Monday, June 27, 2011

အာနာပါနမဂ်လမ်းစ(သစ္စာတရားရှာပုံတော်)

ဝိသုဒ္ဓိမဂ်တွင် အာနာပါနဿတိကမ္မဋ္ဌာန်းသည် မဟာပုရိသဘူမိဟု ဆိုသောကြောင့် ပွားများရာမှာ လေးနက်တယ်၊ လေးလေးစားစား ရှုပွား ရမယ်၊ ဘုရားတို့  ပစ္စေကဗုဒ္ဓါတို့  သာဝကတို့ ဆိုတဲ့ ယောင်္ကျားမြတ်တို့  သာပွားများသင့် ပွားများထိုက် နှလုံးသွင်းထိုက်တဲ့တရား လို့ ဆိုပါသည်။
လေ၊ အသက်​ရှူတတ်ရုံ၊ ရှူံရုံ ရှူတတ်သော သူတို့ ရဲ့ အရာမဟုတ်။ သူသူငါငါ လူတိုင်း ရှုနိုင် သိနိုင်သော တရားမဟုတ်တဲ့။
စာရေးသူသည် အာနာပါန(ဝင်လေထွက်လေ)နည်းဖြင့် အတော်အတန် အားထုတ်ဖူးပါသည်။ ပြင်းပြင်း၊ ပျော့ပျော့၊ ပုံမှန် စသည်အားဖြင့် စုံလှ သော်လည်း အိပ်ပျော်သွားသည်က များလှသည်။ အမှန်ဝန်ခံရသော် ပြင်းပြင်း ရူ၍ အားထုတ်သော အခါ ခေါင်းမူးဝေလာပြီး နှပ်ရည်များ ထွက်လာပါသည်။ ပျော့ပျော့ ရူ၍ အားထုတ်သောအခါ ငြင်သာသိမ်မွေ့ ပြီး ဘုရားကိုယ်တော်ရှေ့  တွင်အိပ်ပျော် နေပါတော့သည်။

ဘုရားရှေ့ တွင်နာရီပေါင်း များစွာ ထိုင်နိုင် သည်ကိုပင် မိမိကို မိမိဂုဏ်ယူရမည်လား မသိ။

၉တန်းကျောင်းသားဘဝ ကတည်းက စွဲစွဲမြဲမြဲ ဖတ်လာသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ ထဲမှသူတော်စင်ကြီးများကို အားကြရသည်ကလည်း အမော။ သိသလောက်နှင်. အားထုတ်ပြန်တောလည်း အကြောင်း ကမထူး။တရားထူးမပြောနှင့် တရားနှင်.တူသော အရိပ်အရောင်ပင် မတွေ့ ။ ပါရမီကိုပင် အပြစ်တင်ရမည်လား မသိတော.ပါ။ ဒီလိုနဲ့ ဘဲ တစ်စခန်း ရပ်၍ တရားအားမထုတ်ဖြစ်တော့။

သံသရာမှလွတ်ကြောင်းတည်း ဟူသော မူလရည်ရွယ် ရင်းနှင့်လည်း ဝေးလှတော့သည်။


မြတ်စွာဘုရား၏(ဥပရိပဏ္ဏာသပါဠိတော်-၁၂၇) ချစ်သားတို့  သတိလွတ်သောသူအား(ဝါ) ကမ္မဋ္ဌာန်းအာရုံ​တွင်ဂရုစိုက်မှူ အားနည်းသူအားလည်းကောင်း၊ ကိလေသာကိုသတ်တတ်သော အသိဥာဏ်ပညာ အားနည်းသူအားလည်းကောင်း၊ ထွက်လေဝင်လေကို သတိမလွတ်စေဘဲ ကပ်၍ ရှူအပ်သော အာနာပါန ဘာဝနာကို ငါဘုရားမဟော။


အာနာပါနကမ္မဋ္ဌာန်းသည် နဂိုလ်သိမ်မွေ့ တဲ့ ကမ္မဋ္ဌာန်းဖြစ်လို့ သူ့ လမ်းစဉ်အရ သူသိမ်မွေ့ တာကို ရူတဲ့ ယောဂီဥာဏ် အမှီလိုက်နိုင်ဖို့ လိုတဲ့သဘောကို သဘောမပေါက်သော အကျွှနုပ်သည်၊ ပေကပ်ခါသာ ဆင်ကန်းတောတိုး မိပါတော့ကြောင်း။