Friday, July 15, 2011

ကျွန်ုပ်နှင့်ဘကြီးဘုန်းကြီး(၂)

ဆရာကြီးဦးကြည်၏ တရားများနှင့် အောင်ပီဗျတို့  မတွေ့ခင်က ဘကြီးဘုန်းကြီးစွမ်းသမျှ ကို အားကိုးတကြီး ခိုလှုံခဲ့ရပါသည်။ စာရေးသူမှ သမထလုပ်ငန်းများမှ ဝိပဿနာကို သဘောပေါက်လာပုံ ကို ပြန်လည်တင်ပြလို၍ ဆရာကြီးဦးကြည်ခေါင်းစဉ် အောက်တွင် ဘကြီးဘုန်းကြီးအကြောင်းများကို ထည့်သွင်းမိပါကြောင်း။






နဂါးတို့၏ ပင်ကိုယ်အသွင် မစွန့်နိုင်ခြင်း ဒုက္ခမျိုး၅-ပါး။ ။
(၁) နဂါးအချင်းချင်း မေထုန်မှုပြုသောအခါ၊
(၂) လုံးဝ အိပ်ပျော်သွားသောအခါ၊
(၃) ပဋိသန္ဓေယူစဉ်အခါ၊
(၄) အရေဟောင်းစွန့်သောအခါ၊
(၅) သေလွန်သောအခါတို့၌ မူလနဂါး၏ ကိုယ်ခန္ဓာပင် ဖြစ်၏။

နဂါးမျိုး ၇-ပါး။ ။
ဂဠုန်ငှက်ဘေးမှ ကင်းဝေးသော နဂါးများဟူလို။
(၁) ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြတ်သော နဂါးတို့လည်း တမျိုး၊
(၂) ကမ္ဗလဿ တရာ-နဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရ နဂါးတို့လည်းတမျိုး၊
(၃) ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင်တို့လည်းတမျိုး၊
(၄) သတ္တ သိဒန္တရ ၀ါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါးတို့လည်းတမျိုး၊
(၅) ပထ၀ိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါးတို့လည်းတမျိုး၊
(၆) ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်း နေထိုင်ကြကုန်သော တောင်တွင်းနဂါးတို့လည်းတမျိုး၊
(၇) ၀ိမာနဋ္ဌကာ-ဘောဂ၀တီ နဂါးပြည်၌ ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါးတို့လည်းတမျိုး။

နဂါးမျိုး ၁၁၂၄-ပါး၊ တနည်း။ ။
ကဋ္ဌမုခ, ပုတိမုခ, အဂ္ဂိမုခ, သတ္ထမုခ, ခေါ် နဂါး လေးပါးကိုတည်၊
ဒဋ္ဌ၀ိသ, ဒိဋ္ဌ၀ိသ, ဖုဋ္ဌ၀ိသ, ၀ါတ၀ိသ, ခေါ် အဆိပ်မျိုး ၄-ပါးနှင့်မြှောက် ၁၆-ပါးရ၏၊
၎င်းင်းကိုတည်၊ အာဂဒ၀ိသနောဃောရ၀ိသ, နောအာဂဒ၀ိသ ဃောရ၀ိသ,
့အာဂဒ၀ိသစဃောရ၀ိသ, နောအာဂဒ၀ိသစ နဃောရ၀ိသ, ခေါ် အဆိပ်မျိုး ၄-ပါးနှင့် ထပ်မြှောက် ၆၄-ပါးရ၏၊
၎င်းင်းကိုတည် ယောနိမျိုး ၄ပါးနှင့်မြှောက် ၂၅၆-ပါးရ၏၊ ၎င်းင်းကိုတည် ရေနေ, ကြည်းနေ ၂-ပါးနှင့်မြှောက် ၅၁၂-ပါးရ၏၊
၎င်းင်းကိုတည် ၊ ကာမရူပီ, အကာမရူပီ ခေါ် စည်းစိမ်ရှိမဲ့ ၂-ပါးနှင့်မြှောက်သော် နဂါးမျိုးပေါင်း ၁၀၂၄-ပါးရ၏။

့တခုသောမိုးရွာသည့် ညခင်းအချိန်တွင် ဘကြီးဘုန်းကြီးက စိတ်လိုလက်ရဖြင့် "အေးကွ၊အောင်ပီဗျရေ..... ဟောဒီ ပုတီးကိုပီပီပြင်ပြင်စိပ်၊ နဂါးမင်း အစောင့် အရှောက်ရတယ်ကွ" ဟုဆိုလာပါသည်။ထိုအခါ......

ဆက်လက်ဖော်ပြပါမည်။
ရည်ညွန်း။
ဆရာကြီးဦးကြည်
သုတေသနနှင့်သရုပ်ပြအဘိဓ္ဓာန်။