Sole dominion over the Earth, Going to Heaven, Lordship over all Worlds;The fruit of Stream-Entry (Sotāpanna) excels them.
မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက် လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
ရည်ညွှန်း။(ဓမ္မပဒ/ The Dhammapada)
မူလဓမ္မာစရိယ ရဟန်းတော်တဖြစ်လည်း ဆရာကြီးဦးကြည်သည် သစ္စာဒီပက ဝိပဿနာရိပ်သာ(ရန်ကုန်)ကို တည်ထောင်၍ ဓမ္မာနုပဿနာ ပရမတ္ထတရားများကို ရဟန်းရှင် လူအများကို ရှင်းလင်းလွယ်ကူသော နည်းများဖြင့် ၊ မြတ်စွာဘုရား ဆန္ဒတော်နှင့်အညီ သင်ကြားပြသ ခဲ့သူဖြစ်သည်။ ကျွန်တော် အောင်ပီဗျ သည်လည်း ဆရာကြီးဦးကြည်၏ နည်းနာနိသရများကို ခံယူ၍ အားထုတ်နေသူ ဖြစ်ပါသည်။ သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ ဟူသော စကားအတိုင်း မိတ်ဆွေများကို မိမိသိသလို ပြန်လည် မျှဝေခြင်းဖြစ်ပါ၏။
Monday, July 4, 2011
Tuesday, June 28, 2011
သစ္စာ(၄)ပါးတရား။
၁) သမုဒယသစ္စာ
၂) ဒုက္ခသစ္စာ
၃) မဂ္ဂသစ္စာ
၎) နိရောဓသစ္စာ
သမုဒယ အကြောင်းကြောင့် ဒုက္ခ အကျိုး ဖြစ်သည်။
မဂ္ဂ အကြောင်းကြောင့် နိရောဓ အကျိုး ဖြစ်သည်။
မြတ်စွာဘုရား၏ တရားဓမ္မသည် "ဧဟိပဿိကဓမ္မ" ဖြစ်သည်နှင့် အညီ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ လွတ်ငြိမ်းမှု ကိုသာ တစ်ကြောင်းတည်း ဦးတည်ပါသည်။
မြတ်စွာဘုရားရှင်က "ချစ်သားတို့ ၊အရိယာတို့ သိအပ်သော အမှန်တရားလေးပါးကို ထိုးထိုးထွင်းထွင်း၊ဖြောင့်ဖြောင့်မှန်မှန် မသိခြင်းကြောင့် ငါဘုရားသည်လည်းကောင်း၊ သင်ချစ်သားတို့ သည်လည်းကောင်း ဤရှည်လျားလှစွာသော သံသရာဝယ် တဝဲလည်လည် ကျင်လည်ကျက် စားခဲ့ရပြီ" ဟုမိန့် မှာ ခဲ့ပါသည်။ မြတ်စွာဘုရား၏ ဤလမ်းညွှန်ချက်သည် သံသရာထွက်လမ်း ဥပဒေသပင် ဖြစ်ပါသည်။
အဝိဇ္ဇာ၏ ဖုံးကွယ်မှူကြောင့် မိမိတို့ အလွယ်တကူ မသိရှိနိုင်သော အမှန်တရား(၄)ပါး သို့ မဟုတ် သစ္စာ(၄)ပါးတရားဟူသည်မှာ
(၁)သိရမည်ဖြစ်သော ဒုက္ခသစ္စာ
(၂)ပယ်ရမည်ဖြစ်သော သမုဒယသစ္စာ
(၃)ဆိုက်ရောက်ရမည်ဖြစ်သော နိရောဓသစ္စာ
(၄)ပွားများရမည်ဖြစ်သော မဂ္ဂသစ္စာ
တို့ အတွက် လုပ်ငန်းစဉ်အဖြစ် သတိပဋ္ဌာန်(၄)ပါးဖြစ်သော
(၁)ကာယာနုပဿနာ
(၂)ဝေဒနာနုပဿနာ
(၃)စိတ္တာနုပဿနာ
(၄)ဓမ္မာနုပဿနာ
တို့ ကိုခွဲခြား ဟောကြားခဲ့ပါသည်။

Monday, June 27, 2011
အာနာပါနမဂ်လမ်းစ(သစ္စာတရားရှာပုံတော်)
ဝိသုဒ္ဓိမဂ်တွင် အာနာပါနဿတိကမ္မဋ္ဌာန်းသည် မဟာပုရိသဘူမိဟု ဆိုသောကြောင့် ပွားများရာမှာ လေးနက်တယ်၊ လေးလေးစားစား ရှုပွား ရမယ်၊ ဘုရားတို့  ပစ္စေကဗုဒ္ဓါတို့  သာဝကတို့ ဆိုတဲ့ ယောင်္ကျားမြတ်တို့  သာပွားများသင့် ပွားများထိုက် နှလုံးသွင်းထိုက်တဲ့တရား လို့ ဆိုပါသည်။
လေ၊ အသက်ရှူတတ်ရုံ၊ ရှူံရုံ ရှူတတ်သော သူတို့ ရဲ့ အရာမဟုတ်။ သူသူငါငါ လူတိုင်း ရှုနိုင် သိနိုင်သော တရားမဟုတ်တဲ့။
စာရေးသူသည် အာနာပါန(ဝင်လေထွက်လေ)နည်းဖြင့် အတော်အတန် အားထုတ်ဖူးပါသည်။ ပြင်းပြင်း၊ ပျော့ပျော့၊ ပုံမှန် စသည်အားဖြင့် စုံလှ သော်လည်း အိပ်ပျော်သွားသည်က များလှသည်။ အမှန်ဝန်ခံရသော် ပြင်းပြင်း ရူ၍ အားထုတ်သော အခါ ခေါင်းမူးဝေလာပြီး နှပ်ရည်များ ထွက်လာပါသည်။ ပျော့ပျော့ ရူ၍ အားထုတ်သောအခါ ငြင်သာသိမ်မွေ့ ပြီး ဘုရားကိုယ်တော်ရှေ့  တွင်အိပ်ပျော် နေပါတော့သည်။

ဘုရားရှေ့ တွင်နာရီပေါင်း များစွာ ထိုင်နိုင် သည်ကိုပင် မိမိကို မိမိဂုဏ်ယူရမည်လား မသိ။
၉တန်းကျောင်းသားဘဝ ကတည်းက စွဲစွဲမြဲမြဲ ဖတ်လာသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ ထဲမှသူတော်စင်ကြီးများကို အားကြရသည်ကလည်း အမော။ သိသလောက်နှင်. အားထုတ်ပြန်တောလည်း အကြောင်း ကမထူး။တရားထူးမပြောနှင့် တရားနှင်.တူသော အရိပ်အရောင်ပင် မတွေ့ ။ ပါရမီကိုပင် အပြစ်တင်ရမည်လား မသိတော.ပါ။ ဒီလိုနဲ့ ဘဲ တစ်စခန်း ရပ်၍ တရားအားမထုတ်ဖြစ်တော့။
သံသရာမှလွတ်ကြောင်းတည်း ဟူသော မူလရည်ရွယ် ရင်းနှင့်လည်း ဝေးလှတော့သည်။
မြတ်စွာဘုရား၏(ဥပရိပဏ္ဏာသပါဠိတော်-၁၂၇) ချစ်သားတို့  သတိလွတ်သောသူအား(ဝါ) ကမ္မဋ္ဌာန်းအာရုံတွင်ဂရုစိုက်မှူ အားနည်းသူအားလည်းကောင်း၊ ကိလေသာကိုသတ်တတ်သော အသိဥာဏ်ပညာ အားနည်းသူအားလည်းကောင်း၊ ထွက်လေဝင်လေကို သတိမလွတ်စေဘဲ ကပ်၍ ရှူအပ်သော အာနာပါန ဘာဝနာကို ငါဘုရားမဟော။
အာနာပါနကမ္မဋ္ဌာန်းသည် နဂိုလ်သိမ်မွေ့ တဲ့ ကမ္မဋ္ဌာန်းဖြစ်လို့ သူ့ လမ်းစဉ်အရ သူသိမ်မွေ့ တာကို ရူတဲ့ ယောဂီဥာဏ် အမှီလိုက်နိုင်ဖို့ လိုတဲ့သဘောကို သဘောမပေါက်သော အကျွှနုပ်သည်၊ ပေကပ်ခါသာ ဆင်ကန်းတောတိုး မိပါတော့ကြောင်း။
Wednesday, August 19, 2009
၃၁ ဘုံ - သံသရာ
အထက်ဘုံ – ဗြဟ္မာ ၂၀။
အလယ်ဘုံ – နတ်ပြည် ၆ ထပ်၊ လူ့ဘုံ တစ်ဘုံ။
အောက်ဘုံ – အပါယ်လေးဘုံ။
ကုသိုလ်ကြောင့် လူဘ၀ရောက်လာရင် သံသရာအဆက်ဆက်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေပါ ပေါင်းပြီးအကျိုးပေးသလို (ရေများရေနိုင်) အကုသိုလ်ကြောင့် အပါယ်ဘုံရောက်ရင်လည်း သံသရာအဆက်ဆက်ကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေပါ ပေါင်းပြီးအကျိုးပေးပါတယ်။ (မီးများမီးနိုင်)
အထက်ဘုံ (ဗြဟ္မာ)
ပထမဈာန် ၃ ဘုံ သက်တမ်း
ဗြဟ္မပါရိသဇ္ဇာ ၀ိဝဋ္ဋဌာယီ အသချေီယကပ် ၁/၃
ဗြဟ္မပုရောဟိတာ ၂/၃
မဟာဗြဟ္မာ ၁
ဒုတိယဈာန် ၃ဘုံ
ပရိတ္တာဘာ ၂ ကမ္ဘာ
အပ္ပမာဏာဘာ ၄ ကမ္ဘာ
အီဘဿရာ ၈ ကမ္ဘာ
တတိယဈာန် ၃ ဘုံ
ပရိတ္တသုဘာ ၁၆ ကမ္ဘာ
အပ္ပမာဏသုဘာ ၃၂ ကမ္ဘာ
သုဘကိဏှာ ၆၄ ကမ္ဘာ
စတုတ္ထဈာန် ၃ ဘုံ
ဝေဟပ္ပိုလ် ၅၀၀ ကမ္ဘာ
အသညသတ် ၁၀၀၀ ကမ္ဘာ
အ၀ိဟာ ၁၀၀၀ ကမ္ဘာ
အာတပ္ပါ ၂၀၀၀ ကမ္ဘာ
သုဒဿာ ၄၀၀၀ ကမ္ဘာ
သုဒဿီ ၈၀၀၀ ကမ္ဘာ
အကနိဋ္ဌ ၁၆၀၀၀ ကမ္ဘာ
အရူပဗြဟ္မာ ၄ ဘုံ
အာကာသာ နဉ္စာယတန ၂၀၀၀၀ ကမ္ဘာ
ဝိညာဏဉ္စယတန ၄၀၀၀၀ ကမ္ဘာ
အာကိဉ္စညာယတန ၆၀၀၀၀ ကမ္ဘာ
နေ၀သညာနာသ ညာယတန ၈၄၀၀၀ ကမ္ဘာ
အလယ်ဘုံ
နတ်ပြည် ၆ ထပ်
စတုမဟာရာဇ် အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၁ ရက်=လူနှစ် ၅၀ ညီမျှ၏။)
တာဝတိံသာ နှစ်ပေါင်းသုံးကုဋေနဲ့ ခြောက်သန်း။ (၁ရက်= လူနှစ် ၁၀၀ ညီမျှ၏)
ယာမာ နှစ်ပေါင်း တစ်ဆယ့်လေးကုဋေနဲ့ လေးသန်း။
(၁ ရက်= လူနှစ် ၂၀၀ ညီမျှ၏။)
တုသိတာ နှစ်ပေါင်း ငါးဆယ်ခုနှစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်=လူနှစ်၄၀၀ နှစ် ညီမျှ၏။)
နိမ္မာနရတိ နှစ်ပေါင်း နှစ်ရာ့သုံးဆယ်ကုဋေနဲ့လေးသန်း။
(၁ ရက်= လူ နှစ် ၈၀၀ နှစ်)
ပရနိမ္မိတ၀သ၀တ္တိ နှစ်ပေါင်း ကိုးရာနှစ်ဆယ့်တစ်ကုဋေနဲ့ ခြောက်သန်း။
(၁ ရက်= လူ နှစ် ၁၆၀၀ ညီမျှ၏။)
လူ့ဘုံ ဒါန၊ သီလ၊ ပညာတည်းဟူသော ကုသိုလ်တရားပြုလုပ်နိုင်သော
တစ်ခုတည်းသောဘုံ။
အပါယ်လေးဘုံ
ငရဲ – ၈ ထပ် ရှိပါတယ်။ တစ်ထပ်ချင်းစီမှာ အရံငရဲငယ် (၅)ထပ် ခြံရံပါသေးတယ်။ ဘင်၊ ပြာ၊ လက်၊ သန်၊ ကြိမ် ပတ်ရံတွေပါပဲ။
ဘင် ဆိုတာ ဘင်ပုပ်ငရဲ။
အညစ်အကြေးတွေ ပိုးလောက်တွေ အပြည့်ရှိနေပါတယ်။ ညစ်ညမ်းတဲ့အနံ့တွေလည်း ရှုရတယ်။ အဲ့ဒီထဲကျသွားရင် အဲ့ဒီမှာရှိတဲ့ ပိုးလောက်တွေက အသားတွေ ကလီစာတွေ ထိုးဖောက်စားကြပြီး သေလည်း မသေရပါဘူး။ အကုသိုလ်ကံတွေကြောင့် ခံနေရတာပါ။
ပြာ ဆိုတာ ပြာပူငရဲ။
အဲ့ဒီပြာထဲထည့်လိုက်ရင် ခန္ဓာကိုယ်က ကြေသွားတာပါတယ်။
လက် ဆိုတာ လက်ပံတော်ငရဲ။
လက်ပံတောမှာ အပင်ကြီးတွေရှိပါတယ်။ အပင်အောက်ထိုင်တာနဲ့ အပေါ်ကလက်ပံပွင့်ရဲ့အပွင့်တွေ၊ အရွက်တွေ၊ အသီးတွေဟာ ဓားတွေ၊ လှံတွေ၊ ပေါက်စိန်တွေ လက်နက်ချည်းတွေဖြစ်ပြီး လက်တွေ၊ ခြေတွေ၊ ခေါင်းတွေ ပြတ်ခံရတာပါတယ်။
သန် ဆိုတာ သန်လျက်ရွက်တော ငရဲ။
သန်လျက်ရွက်တောက အရွက်တွေစိမ်းလို့နေပါတယ်။ ဒီတောထဲတိုးသွားတဲ့ငရဲသားတွေရဲ့ လက်တွေ၊ ခြေတွေကို ဖြတ်ပစ်တာပါပဲ။
ကြိမ် ဆိုတာ ကြိမ်ပိုက်ချောင်း ငရဲ။
အဲ့ဒီချောင်းထဲမှာ ကြိမ်တွေရှိပါတယ်။ ရေဆာတယ်ဆိုရင် အဲ့ဒီကြိမ်ပိုက်ချောင်းထဲ ပစ်ချလိုက်တာပါပဲ။ အဲ့ဒီကြိမ်တွေကလည်း လက်ထိလက်ပြတ်၊ ခေါင်းထိခေါင်းပြတ်ပါပဲ။ ပြတ်လည်း မသေရ။ အသစ်ပြန်ဖြစ် အသစ်ပြန်ခံရတာပါပဲ။ (အကုသိုလ်အကျိုးပေးများတော်တော်ကြောက်ဖို့ကောင်းစွ။)
၁) သဉ္ဇိုင်း ငရဲ အနှစ်ကိုးသန်း အသက်ရှည်ပါတယ်။ (၈ဆနဲ့ တစ်ထပ်ချင်းစီမြောက်သွားပါ။)
၂) ကာလသုတ် ငရဲ
၃) သံဃာတ ငရဲ
၎) ရောယုဝ ငရဲ
၅) မဟာရောယုဝ ငရဲ
၆) တာပန ငရဲ
၇) မဟာတာပန ငရဲ
၈) အ၀ီစိ ငရဲ
တစ်ထပ်နှင့် တစ်ထပ်သည် ယူဇနာတစ်သောင်းငါးထောင်စီဝေးပြီး အစဉ်လိုက်ရှိသည်။ တစ်ယူဇာသည် ဆယ်မိုင်ခန့် တချို့ကတော့ ဆယ်သုံးမိုင်ရှိတယ်လို့ ဆိုပါတယ်။
တိရစ္ဆာန် စားခြင်း၊ အိပ်ခြင်း၊ ကာမဂုဏ်ခံစားခြင်း။
အသူရကာယ် ရောင့်ရဲခြင်းကင်းသည်။ နေ့စံ ညခံ၊ ညစံ နေ့ခံ စသည့် ပြိတ္တာများ။
ပြိတ္တာ သရဲ၊ မင်၊ ကျပ် စသည်။

Subscribe to:
Posts (Atom)