Tuesday, August 9, 2011

အမြဲဖောက်ပြန်နေသောကျွန်တော်။

သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကိုသူတို့ နှင့်အတူ ယမကာမှီဝဲရန်ခေါ်ပါသည်။ ကျွန်တော် လူမှူရေးနားမလည်စွာ ငြင်းလိုက်မိသည်။ သူကထပ်ပြောသေးသည် " မသောက်မစားရင် ဖောက်ပြားတတ်တယ်နော်တဲ့" ။ နဘေးနားတွင် ဇနီးသည်ကလဲ ရှိနေသည်။ ဟုတ်ပါရဲ့ သူပြောမှ ကိုယ့်ကို ကိုယ်သတိထား မိသည်။ အချိန်တော်တော်များများကို မေ့လျော့နေသော ထိုသည့် ဖောက်ပြန်မှု။ တစ်ယောက်ထဲ ရှိလည်း ကျွန်တော်ဖောက်ပြန်နေသည်။ နှစ်ယောက် အတူတကွ ရှိလည်း ကျွန်တော်ဖောက်ပြန်နေသည်။ လူမျိုးစုံ တွေကြားလည်း ကျွန်တော်က မရပ်မနား တရစပ် ဖောက်ပြန်နေသည်။ ရော ခက်ကပြီ။ မသောက်သော်လည်း ဖောက်ပြန်နေ၏။ တနည်း ဖောက်ပြန်ပြောင်းလဲနေ၏။ ဘာတွေဖောက်ပြန်နေတာလည်း။ အကြောင်းတရား ၄ ပါး ထောက်ပံ့မှုကြောင့် ရရှိထားသော ဓါတ်ကြီး ၄ပါး ရုပ်နာမ်တရား (သို့ ) ခန္ဓာ ၅ပါးတည်း ဟူသော ဤကိုယ်ကောင်သည် ဥပဒ်၊ဋ္ဌီ၊ဘင် ဟူသော ခဏငယ် များစွာအတွင်း တရစပ် ဖြစ်လျှက် ပျက်ရပြန်ခြင်း ကို ဖောက်ပြန်သည်ဟု ဘုရားဟော ရှိပါသည်။ ထိုသည့် ဖောက်ပြန်မှုတို့ ကို ခေါင်းစဉ် မတပ်ပါဘဲ သဘာဝတရားကို သဘာဝ အတိုင်း သိနေခြင်းသည် ပရမတ်တရားကို တိုက်ရိုက်သိနေခြင်းဖြစ်သည်။ သို့ ဆိုလျှင် သမာဓိဋ္ဌိ ဟူသော အမှန်ကိုမြင်သောသူ တစ်ယောက်ဖြစ်လာလေသည်။ ဟော ..သို့ ဆိုလျှင် ထိုသည့် ဖောက်ပြန်မှုဆိုသည့် တရားသည် အလွန် အဖိုးတန်ပါလား။ သူငယ်ချင်းကိုပင် ကျေးဇူးတင်ရပြန်သည်။ သူငယ်ချင်း သောက်စားနေသော်လည်း ဖောက်ပြား နေတယ် သူငယ်ချင်း။

1 comment: